မြတ်စွာဘုရားရှင်၏ မွန်မြတ်လှစွာသော ဂုဏ်တော်ကိုးပါး ပါဠိနှင့် အဓိပ္ပာယ်ရှင်းလင်းချက်
【 ပါဠိတော် 】
ဣတိပိ သော ဘဂဝါ -
၁။ အရဟံ၊
၂။ သမ္မာသမ္ဗုဒ္ဓေါ၊
၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊
၄။ သုဂတော၊
၅။ လောကဝိဒူ၊
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ၊
၇။ သတ္ထာ ဒေဝမနုဿာနံ၊
၈။ ဗုဒ္ဓေါ၊
၉။ ဘဂဝါ။
【 အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် 】
၁။ အရဟံ - လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ခြင်း၊ ကိလေသာရန်သူတို့ကို သတ်တော်မူပြီးခြင်း၊ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူခြင်း ဂုဏ်တော်။
၂။ သမ္မာသမ္ဗုဒ္ဓေါ - သိဖွယ်တရားအလုံးစုံကို ဆရာမကူ ကိုယ်တိုင်ဉာဏ်ဖြင့် သမ္မာဒိဋ္ဌိကျကျ ထိုးထွင်းသိမြင်တော်မူခြင်း ဂုဏ်တော်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာဉာဏ် (၃)ပါး (သို့မဟုတ်) (၈)ပါး၊ စရဏအကျင့် (၁၅)ပါးတို့နှင့် ပြည့်စုံတော်မူခြင်း ဂုဏ်တော်။
၄။ သုဂတော - ကောင်းသောစကားကို ဆိုတော်မူခြင်း၊ ဘဒြာသော လမ်းစဉ်ဖြင့် ကောင်းရာနိဗ္ဗာန်သို့ ကြွသွားတော်မူခြင်း ဂုဏ်တော်။
၅။ လောကဝိဒူ - ကာမလောက၊ ရူပလောက၊ အရူပလောက တည်းဟူသော လောကသုံးပါးကို အကြွင်းမဲ့ သိမြင်တော်မူခြင်း ဂုဏ်တော်။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - မယဉ်ကျေးသော လူ၊ နတ်၊ တိရစ္ဆာန်တို့ကို ယဉ်ကျေးအောင် ဆုံးမရာ၌ အတုမရှိ မြတ်လှစွာသော ဂုဏ်တော်။
၇။ သတ္ထာ ဒေဝမနုဿာနံ - လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ဆရာသခင် ဖြစ်တော်မူခြင်း ဂုဏ်တော်။
၈။ ဗုဒ္ဓေါ - သစ္စာလေးပါး တရားမြတ်ကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောကြားတော်မူနိုင်ခြင်း ဂုဏ်တော်။
၉။ ဘဂဝါ - ဘုန်းတော် (၆)ပါး (ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ) တို့နှင့် ပြည့်စုံတော်မူခြင်း ဂုဏ်တော်။
ဘုရားဂုဏ်တော် ကိုးပါးပူဇော်ပုံ