ဘေးရန်ခပ်သိမ်း ငြိမ်းစေနိုင်သော ကာကွယ်ရေး ဂါထာတော်မြတ်များစုစည်းမှု
【 သမ္ဗုဒ္ဓေ ဂါထာတော် 】
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ အဟံ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟန္တွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။
【 မြန်မာပြန်အနှစ်ချုပ် 】
ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ဆယ့်ရှစ်ပါးသော မြတ်စွာဘုရားရှင်တို့အား ဦးခေါင်းရတနာဖြင့် ရိုသေစွာ ရှိခိုးပါ၏။ ထိုဘုရားရှင်တို့၏ တရားတော်နှင့် သံဃာတော်တို့ကိုလည်း ရိုသေစွာ ရှိခိုးပါ၏။ ဤသို့ ရှိခိုးရသော တန်ခိုးကြောင့် ဘေးဥပဒ်အန္တရာယ် အခပ်သိမ်း ကင်းရှင်းပြီး အန္တရာယ်များအားလုံး အကြွင်းမဲ့ ပျက်စီးပါစေသတည်း။
အန္တရာယ်ကင်းဂါထာတော်များ