သုတ္တန်တော်များကို ဖတ်ရှုနာယူခြင်းသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားဦး၊ လောကီကျင့်ဝတ်များနှင့် စိတ်ငြိမ်းချမ်းမှု ရရှိစေရန် အထူးပင် အရေးပါလှပါသည်။
【 နာယူခြင်း ကောင်းကျိုး ၅ ပါး 】
၁။ မကြားဖူးသော တရားစကားတော်များကို ကြားနာရခြင်း။
၂။ ကြားဖူးသော တရားစကားတို့ကို ပိုမိုရှင်းလင်းစွဲမြဲလာစေခြင်း။
၃။ ယုံမှားသံသယ တွေးတောမှုများကို ပယ်ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်မှန်ကန်စေခြင်း။
၅။ တရားနာယူသူ၏ စိတ်နှလုံးကို ကြည်လင်သန့်ရှင်းစေခြင်း။
သုတ္တန်တော်များကို နေ့စဉ် လေ့လာမှတ်သားပြီး လောကီလူမှုဘဝနှင့် လောကုတ္တရာကျင့်စဉ်များတွင် အသုံးချနိုင်ကြပါစေ။
သုတ္တန်ဒေသနာတော်များ