ဓမ္မဒီပ

ဓမ္မမိတ်ဆွေများ
စာလုံး
ကံကြွေးခြေ ဆုတောင်းနည်း

ကံကြွေးခြေ ဆုတောင်းနည်း

ဘုန်းတော်အနန္တ၊ကံတော်အနန္တ၊ဉာဏ်တော်အနန္တစကြာဝဠာကမ္ဘာမြေမိုးဖြန်းဖြန်းကျိုးမျှတန်ခိုးတော်အနန္တနှင့်ပြည့်ဝဥဿုံကမ္ဘာခြုံလျက်သုံးဘုံလောကတုမရသားလူ့ဘုံထွဋ်ထား ရှင်တော်မြတ်ဘုရား၊ ဘုရားတပည့်တော်/တပည့်တော်မသည် ဘဝဘဝ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်းများစွာတို့မှစ၍ ယခု ပစ္စုပ္ပန်ကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော်/တပည့်တော်မကိုယ်တိုင်ကလိုလိုလားလားဆိုထားခဲ့ဘူးသောကျိန်စာမှန်သမျှတို့သည်လည်းကောင်း၊တစ်ပါးသောသူတို့ကဘုရားတပည့်တော်/တပည့်တော်မအား တိုက်ရိုက်ပေးအပ်ထားခြင်းပြုထားသော ကျိန်စာမှန်သမျှတို့သည်လည်းကောင်း၊ ကျိန်စာဟူသမျှတို့သည်ယနေ့ယခု၊ဤအချိန်၊ဤအခါ၊ဤသမယမှစ၍ ဘုရားတပည့်တော်/တပည့်တော်မၕ။်ကိုယ်တွင်းကိုယ်ပနှစ်ဌာနတို့မှလုံးဝဥဿုံ ပဒုမ္မာရွတ် ပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့ပျောက်ပကင်းကွာစင်ကြယ်ရသည့်ကိုယ် ဖြစ်ရပါလိုၕ။် အရှင်ဘုရား ။
ဘုန်းတော်အနန္တ၊ကံတော်အနန္တ၊ဉာဏ်တော်အနန္တ၊စကြာဝဠာကမ္ဘာမြေမိုးဖြန်းဖြန်းကျိုးမျှတန်ခိုးတော်အနန္တနှင့်ပြည့်ဝဥဿုံကမ္ဘာခြုံလျက်သုံးဘုံလောကတုမရသားလူ့ဘုံထွဋ်ထားရှင်တော်မြတ်ဘုရား၊ဘုရားတပည့်တော်/တပည့်တော်မသည်ဘဝဘဝလွန်လေပြီးသောအတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ ယခု ပစ္စုပ္ပန်ကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော်/တပည့်တော်မ၊အမှတ်တမဲ့ပြောဆိုမှားခဲ့သောအပြစ်‌ဒေါသနှင့် ယှဉ်သော၊မကောင်းသောစကား၊အနိဌာရုံ၊အမှားများအားလုံးတို့သည်ယနေ့ယခုဤအချိန် ဤအခါ၊ဤသမယမှစ၍ဘုရားတပည့်တော်/တပည့်တော်မၕ။်ကိုယ်တွင်းကိုယ်ပနှစ်ဌာနတို့မှလုံးဝဥဿုံပဒုမ္မာရွတ်ပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့ပျောက်ပကင်းကွာစင်ကြယ်ရသည့် ကိုယ်ဖြစ်ရပါလိုၕ။် အရှင်ဘုရား ။
ဘုန်းတော်အနန္တ၊ကံတော်အနန္တ၊ဉာဏ်တော်အနန္တ၊စကြာဝဠာကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တနှင့်ပြည့်ဝဥဿုံကမ္ဘာခြုံလျက်သုံးဘုံလောကတုမရသား လူ့ဘုံထွဋ်ထား ရှင်တော်မြတ်ဘုရား၊ ဘုရားတပည့်တော်/တပည့်တော်မသည် ဘဝဘဝ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်းများစွာတို့မှစ၍ ယခု ပစ္စုပ္ပန်ကာလ မျက်မှောက်ဘဝ အထိ ဘုရားတပည့်တော်/တပည့်တော်မ၊မသိမိုက်မဲ၍ရတနာမြတ်သုံးပါး၊မိဘနှင့်ဆရာသမားဟူသောအနန္တောအနန္တငါးပါးတို့အား၊အနန္တဂုဏ်တော်ရှင်တို့အား၊ခင်ပွန်းကြီးဆယ်ပါးတို့အား၊ထေရီထေရောမြတ်သံဃာတို့အား၊ရသေ့သူတော်စင်သူတော်ကောင်းပရဗိုဒ်များနှင့်တကွ၊ရသေ့မသူတော်စင်သူတော်ကောင်းပရဗိုဒ်မတို့နှင့်သီလရှင်အစရှိသောပုဂ္ဂိုလ် အပေါင်း သူတော်ကောင်းတို့အား၊ အဘိုးအဘွား လူကြီးသူမတို့အား၊ မိကြီး၊ မိလေး၊ ဦးကြီး၊ ဦးလေး၊ ဘကြီး၊ ဘထွေး၊ အကိုကြီး၊ အကိုလတ်၊ အကိုလေး၊ အမကြီး၊ အမလတ်၊အမလေး၊အစရှိသောပုဂ္ဂိုလ်အပေါင်းတို့အား၊ဂိုဏ်းရှင်၊ဂိုဏ်းဝင်၊အရိယာသူတော်စင်သူတော်ကောင်းသူမြတ်လောင်းပုဂ္ဂိုလ်အပေါင်းတို့အား၊ဗြဟ္မာမင်း၊ သိကြားမင်း၊ နတ်မင်းကြီးများနှင့်တကွအဌာရသ၊သိပ္ပအရာ၌တက်မြောက်တော်မူကြကုန်သော ဆရာကြီးများနှင့်ဝိဇ္ဇာဇော်ဂျီတပသီပုဂ္ဂိုလ်အပေါင်းဆရာကောင်းတို့အားကာယကံဖြင့် လည်းကောင်း၊ ဝဇီကံဖြင့်လည်းကောင်း၊ မနောကံဖြင့်လည်းကောင်း၊ ပြစ်မှားမိပါက၊ ၎င်း အပြစ်ဒေါသဟူသမျှတို့ကို ဘုရားတပည့်တော်/တပည့်တော်မ ရိုသေစွာတောင်းပန်ပါၕ။် ။
ထိုအပြစ်တို့မှဘုရားတပည့်တော်/တပည့်တော်မအားသည်းခံကြေအေးတော်မူကြပါကုန်ဘုရား။ယနေ့ယခု၊ဤအချိန်၊ဤအခါ၊ဤသမယမှစ၍ဘုရားတပည့်တော်/တပည့်တော််မၕ။်ကိုယ်တွင်းကိုယ်ပနှစ်ဌာနတို့မှလုံးဝဥဿုံပဒုမ္မာရွတ်ပိန်းကြာဖက်တွင်ရေမတင်သကဲ့သို့ ပျောက်ပကင်းကွာ စင်ကြယ်ရသည့် ကိုယ်ဖြစ်ရပါလိုၕ။် အရှင်ဘုရား ။
''ကျင်လည်ရာဘဝအဆက်ဆက်က၊ကံကြွေး၊ဝဋ်ကြွေးများကြေရပါစေသား အရှင်ဘုရား။ '’
ဖတ်ရှုမှု ပြီးမြောက်ပါပြီ ပင်မစာမျက်နှာ